အမိနိုင်ငံကို ချစ်မြတ်နိုးသည်။ အမိနိုင်ငံကို
ချစ်မြတ်နိုးလျှင် အမိနိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း တွေးတောကြံဆ လုပ်ဆောင်ရပါမည်။
တွေးတောကြံဆ တယ်ဆိုရာမှာ ဘယ်လိုတိုးတက်အောင်လုပ်မယ်၊ ဘယ်လိုလုပ်မှ တိုးတက်မယ်၊ ဘယ်လို
နည်းလမ်းတွေ၊ စီမံချက်တွေ ချမှတ်သင့်တယ်၊ ဘယ်လို စည်းရုံး လှုပ်ရှား ရမယ်၊ ဘယ်လို စိတ်ဓာတ်မျိုးတွေ
မွေးမြူရမယ်… စသဖြင့်ပေါ့။ အလုပ်တခုလုပ်မယ် ဆိုလျှင် စီမံကိန်း ရှိမှ ဖြစ်မြောက် နိုင်ပါမည်။
စီမံကိန်းမရှိဘဲ အရမ်းကာရော ပရမ်းပတာ လျှောက်လုပ်လို့ ကတော့ မျက်ကန်း တောတိုး ဘာမှဖြစ်မြောက်
လာမှာမဟုတ်ပါဘူး။ တွေးခေါ်မြော်မြင် စီမံကြံဆမှု ဆိုတာ စီမံကိန်းရေးဆွဲတဲ့ သဘောပါဘဲ။ တနည်းပြောရရင် သဘောတရားရေး
(ဝါ) သီအိုရီ အပိုင်း ဖြစ်ပါတယ်။ ယေဘုယျပြောရလျှင် ဒါဟာ နှလုံးရည် အပိုင်းဖြစ်ပါတယ်။
ဒါဟာ စာတတ်ဖို့၊ စာများများ ဖတ်ဖို့ လိုပါတယ်။ ဒုတိယအချက်က လက်တွေ့ လုပ် ဆောင်တဲ့အပိုင်း
ဖြစ်ပါတယ်။ သီအိုရီချည်းဘဲ ရှိပြီး လေထဲမှာ တိုက်အိမ်ဆောက်လို့ကတော့ ဘာမှ အရာ ရောက်မှာ
မဟုတ်ပါဘူး။ လက်တွေ့ အကောင်အထည်ဖေါ်ဖို့ လက်တွေ့ လုပ်ဆောင်ဖို့ လိုပါတယ်။ ကိုယ် တွေးတော
ကြံဆထားတဲ့ သီအိုရီ (ဝါ) နည်းလမ်း သဘောတရား တွေသည် မှန်ကန်ရဲ့လား မမှန်ကန် ဘူးလား ဆိုတာ
လက်တွေ့ လုပ်ကြည့်မှ အဖြေပေါ်လာမှာပါ။ လက်တွေ့ လုပ်ဆောင် ခြင်းသည် သီအိုရီ မှန်မမှန်ကို
သက်သေပြခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ကျောင်းတွေမှာ သိပ္ပံ ပညာကိုသင်ယူရာမှာ စမ်းသပ်
ခန်းကိုဝင်ပြီး လက်တွေ့စမ်းသပ်မှုတွေ လုပ်ရသလိုပေါ့။ သီအိုရီကို ပရက်တစ်ကယ်နဲ့ သက်သေပြ
အကောင် အထည် ဖေါ်ရပါမယ်။ ကျွန်တော် တို့ နိုင်ငံဟာ ရေမြေ အနေအထား၊ သဘာဝ သယံဇာတ၊ ရာသီဥတု
အခြေ အနေ၊ အစရှိသည်အားဖြင့် ကမ္ဘာမှာ အနေအထား ကောင်းမွန်တဲ့ ရှေ့တန်းစာရင်းဝင် နိုင်ငံ ဖြစ်ပါတယ်။ လူ့ စွမ်းအား အရင်းအမြစ်လည်း အလယ် အလတ်တန်းမှာ ရှိပါတယ်။ ဆက်လက် အားဖြည့် ကြိုးစားလျှင်
ကမ္ဘာ့ ရှေ့တန်း စာရင်းဝင် နိုင်ငံ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာ ဖို့ လက်တွေ့ကျကျ
လုပ်ဆောင်ဖို့ လိုပါတယ်။ ပညာ တတ်သူ တွေက ရှေ့ကနေ ပညာရှိပီပီ ဦးဆောင်ဦးရွက်ပြုပြီး
ပညာမရှိသူကလည်း ကာယ အင်အားနဲ့ အနောက် ကနေ ဇွဲရှိရှိ သစ္စာ ရှိရှိ လိုက်၍ ပါဝင်ကူညီလုပ်ဆောင်ကြရင်
ကျွန်တော်တို့ မြန်မာနိုင်ငံကြီး မတိုးတက်ဘဲ မနေ ပါဘူး။ အောက်ပါဇယားကို ကြည့်ပါ။ ဒါဆို ကိုယ့် အမိမြန်မာနိုင်ငံ အပေါ် ယုံကြည်စိတ်နဲ့
ချစ်မြတ်နိုးစိတ်တွေ ပိုပြီး ရှင်သန် တက်ကြွ စေပါမယ်။
နိုင်ငံအမည်
|
လူဦးရေ
|
နယ်နိမိတ်
|
မြေဧရိယာ/လူတဦးချင်း
|
ကိန်းအောင်းသယံ
ဇာတအဆင့် |
မြန်မာ
|
50,000,000 ခန့်
|
670,000 sqkm
|
134x100 sqm/man
|
aaaaa
|
ဗြိတိန်
|
46,000,000 ခန့်
|
88,139 sqkm
|
19x100 sqm/man
|
aaa
|
ဂျပန်
|
100,000,000 ခန့်
|
366,560 sqkm
|
37x100 sqm/man
|
aaa
|
အနေအထား ဤမျှကောင်းလှတဲ့ နိုင်ငံတနိုင်ငံဟာ ကမ္ဘာ့ရှေ့တန်းအဆင့် မရောက်ဘဲ မနေပါဘူး။
နတ်ဘီလူးက လာတား ရင်တောင် တားလို့မရပါဘူး။ တခုတော့ ရှိတယ်။ အနေအထားကောင်းလွန်းလို့
သူများက မျက်စေ့ ကျပြီး ဝင်ရောက်
ကျူးကျော် သိမ်းပိုက်မှာဘဲ စိုးရိမ်ရတယ်။ ဒါပေမဲ့ အဲဒါကြောက်ပြီး dog in the
manger လုပ် လို့တော့
မဖြစ်ပါဘူး။ ကိုယ့်နိုင်ငံကိုယ် တံခါးဖွင့်ပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် အမြန်လုပ်ဖို့
လိုပါတယ်။ အားလုံး ကြိုးစားကြပါစို့။ အားလုံး အတူတကွ စံစားကြပါစို့။