ယူရိုအရေးက ပြင်သစ်နဲ့ဂျာမဏီပေါ်မှာမူတည်နေပါတယ်။
သူတို့နှစ်ဦးစည်းလုံးညီညွတ်နိုင်လျှင် ကျန်တဲ့အဖွဲ့ဝင်နိုင်ငံတွေက ယုံကြည်စိတ်တက်လာပြီး
အခက်အခဲအားလုံးအဆင်ပြေသွားမှာပါ။ သမ္မတကြီးအိုဘားမားပြောသလိုပါဘဲ။ ဥရောပမှာ ဒီလိုငွေကြေးအခက်အခဲလေးမျိုးကိုဖြေရှင်းနိုင်ဖို့
လုံလောက်တဲ့ စီးပွားဓနအင်အားရှိပါတယ် လို့ဆိုပါတယ်။ အမှန်မှာလည်းဒီအတိုင်းပါဘဲ။ လစ်ဗျားအရေးတုန်းက
ဥရောပက မဟာမိတ် ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်တို့ကို ရှေ့တန်းတင်ပေးသလိုပါဘဲ၊ ယ္ခုအရေးမှာလည်း
အမေရိကန်သည် ဥရောပခေါင်းဆောင်များကိုသာ ရှေ့တန်းတင်ပေးထားပါသည်။ သူက နေရာတကာမှာ ဆရာမလုပ်ပါဘူး၊
ဒါဟာ အင်မတန်ကောင်းမွန်တဲ့မဟာဗျူဟာဖြစ်ပါသည်။ သို့မှသာ ကမ္ဘာ့ ဒု တိယ အကြီးဆုံးစီးပွားအင်အားဖြစ်လာတဲ့
တရုတ်ကြီးနဲ့ ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။
No comments:
Post a Comment