Friday, April 20, 2012

ကြားလေသွေးတာ မခံနိုင်ပါ

ဒီနေ့ဆို သမ္မတကြီး ဂျပန်ပြည်ကို တရားဝင်အလည်အပတ်သွားရောက်တော့မည်ဖြစ်ပါသည်။ နောက်လဆန်းတွင် အိန္ဒိယ ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ တရားဝင် အလည်အပတ် လာရောက် တော့ပါမည်။ အရာခပ်သိမ်းတို့သည် မင်္ဂလာ အပေါင်းတို့ ကိုညွှန်ပြနေပါသည်။ အတိတ်ကောင်း နိမိတ်ကောင်း တွေချည်းဖြစ်ပါသည်။ သင်္ကြန်ပွဲတော်ဆင်နွဲလို့ အားမရသေးဘူး၊ နှစ်ဦးပွဲတော်ပါ ဆက်လက် ဆင်နွဲရမလို ဖြစ်နေပြီ။ NLD အဖွဲ့ကို လွှတ်တော်ထဲ ရောက်စေချင်လို့ လူထုက မဲ အပြတ်အသတ်နှင့် တင်မြှောက်လိုက်ပါပြီ။ ရှေ့ဆက်ကပြရမှာက NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလုပ်ဖြစ်ပါသည်။ ဘာဘဲပြောပြော အရာခပ်သိမ်း တို့သည် ပေါင်းစည်းညီညွတ်၊ ချစ်ကြည်စည်းလုံးရေးသို့ ဦးတည် နေပါသည်။ ဒါဟာ ဆဋ္ဌမ မြန်မာနိုင်ငံ တော်ကြီးရဲ့ ကြီးမြတ်တဲ့ ဘုန်းတန်ခိုး အရှိန်အဝါကို ရောင်ခြည်တော်တွေ အားဖြင့် ကွန့်မြူးပြသနေခြင်း ဖြစ်ပါသည်။ ဒီလိုအချိန်အခါမျိုးမှာ မင်္ဂလာစကားတွေကို တွင်တွင်ပြောဆိုကြပါစို့။ မေတ္တာ ဂရုဏာတွေ ပွားများကြပါစို့၊ ဘုရားကျောင်းကန်တွေကို များများတက်ကြစို့၊ တရား ဘာဝနာ တွေများများ ပွားများကြပါစို့။  တခု ဂရုပြုရမည်မှာ ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်မှု တွေတသီတသန်းကြီး ရနေတဲ့ အချိန်မှာ မရှုစိမ့် မမြင်စိမ့် မနာလိုတဲ့ အဖျက်သမား တွေက ငါ မင်းသားကြီး မလုပ်ရလို့ ဆိုပြီး ပတ်မကြီးကို လက်သီးနဲ့ ဖောက်ထိုးပစ်မှာကို သတိထား ကာကွယ်ဖို့ လိုပါတယ်။ အခုတလော သတင်းထဲမှာ ဘာ ဘန်ကောက် ပို့(စ်)သတင်းထဲမှာ ဒီပဲယင်း အကြောင်း ပါတယ်လို့ ကြားသိရတယ်။ ဒါ သတိပြုရမယ့် အချက်ဖြစ်ပါတယ်။ ဘာကိုသတိပြုရမလဲဆိုတော့ ကြားကနေ မလိုတမာ ဖျက်ဆီးချင်တဲ့ လူတွေရဲ့ အန္တရာယ် ကိုကာကွယ်ဖို့ လုံခြုံရေးတွေပိုပြီး ကောင်းအောင် လုပ်ဖို့လိုပါတယ်၊ သတိဝိရိယ ထားဖို့လိုတယ် ဆိုတဲ့ အချက်ပါဘဲ။ လုံခြုံရေးဆိုတာ ဘယ်သောအခါမျှ သတိမလစ်သင့်ပါ။ နိုင်ငံကို ခေါင်းဆောင်မယ့် နိုင်ငံရေးသမား ပြည်သူ့ ကိုယ်စားလှယ်များသည် လုံခြုံ ရေးကို ပို၍ ဂရုပြုသင့်ပါသည်။ ကိုယ်စားလှယ်များ၏ တစ်ဦးချင်း လုံခြုံရေး ကိုတောင် မကာကွယ်နိုင်လျှင် တိုင်းနိုင်ငံ တခုလုံးရဲ့ လုံခြုံရေးကို အဘယ်သို့ ကာကွယ်နိုင်မှာနည်း။ အရေးကြီးဆုံး အချက်က ပေါင်းစည်းညီညွတ်မှုရနေပြီဖြစ်တဲ့ ဒီမိုကရေစီ အောင်မြင်မှုကြီးကို ကြားကသပ်လျှို ဖျက်ဆီးမယ့် အန္တရာယ်ပါဘဲ။
နိုင်ငံရေးလုပ်တယ်ဆိုတာ ကျားချ (chess ကစား) သလိုပါဘဲ။ ကျားပွဲနိုင်ချင်လျှင် ကျားကွက်ကိုပိုင်နိုင်ရတယ်။ ကျားကွက် ဆိုတာဘာလဲ။ ကျားကွက်ဆိုတာ အကြွေး၊ အစား၊ အရွှေ့၊ အပြောင်းပါဘဲ။ ကိုယ်က pawn ကိုကြွေးမှ bishop ကို စားနိုင်တဲ့ အခွင့်အရေးရရှိမှာပါ။ ဘာမှ မကြွေးဘဲ အနိုင်ရတဲ့ ကျားပွဲရယ်လို့ မရှိပါဘူး။ ဆိုလိုတာက အနစ်နာခံသင့်တဲ့ အခါ အနစ်နာခံတတ်ရတယ်။ ဒါမှ ပိုမိုကြီးမားတဲ့ အောင်မြင်မှု တွေကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလက်ငင်း အချိန်မှာ တမျိုးသား လုံးက အပူတပြင်း တောင့်တ နေတဲ့ အရာဟာ တမျိုးသားလုံး ချစ်ကြည် ညီညွတ် ပေါင်းစည်း ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဘဲ ဖြစ်ပါတယ်။ ပြည်သူလူထုကြီးရဲ့ ဆန္ဒကို ကြိုးပမ်း ဖြည့်ဆီး  ပေးနိုင်သူသည် ပြည်သူလူထုကြီး၏  ယုံကြည်ကိုးစားမှုကို  ရရှိပြီး အောင်မြင် မှုတွေ ဆက်ခါဆက်ခါ ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုဒီမိုကရေစီ ခေတ်ကြီးကို ရောက်လာတဲ့ အချိန်မှာ ပြည်သူ့ဆန္ဒထုတ်ဖေါ်ခွင့်၊ စီတန်း လှည့်လည် ဆန္ဒပြခွင့်၊ အရေးဆိုခွင့် ဆိုတာတွေ ဟာလည်း ဥပဒေအရ အကာအကွယ်ပေး ခွင့်ပြုတဲ့ ပြည်သူ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ အလယ်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ပြည်သူ့ တပ်မတော်က တာဝန်ယူ ကာကွယ်မှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ သည် အရေးကြီးပါသည်။ သို့သော် ရာခိုင်နှုံး အချိုးအစားကိုတော့ လွှတ်တော် ထဲမှာ ဆွေးနွေးလို့ ရပါသည်။ အခြေခံဥပဒေဘောင်နှင့် လွှတ်တော်ဘောင် အတွင်းကနေ လုပ်ရမည့် ကိစ္စ ဖြစ်ပါသည်။ ဒီမိုကရေစီ ခေတ် ရောက်လာပြီမို့ ဒီမိုကရေစီ ဆန်ဆန် ဆွေးနွေးတိုင်ပင် ကြရတော့မှာ ဖြစ်ပါတယ်။ အားလုံးဟာ အချင်းချင်းတွေပါ ဆိုတဲ့ စည်းလုံး ညီညွတ်ရေး စိတ်ဓာတ် ရှိဖို့သည်သာ အရေးကြီးဆုံး အချက် ဖြစ်ပါသည်။
ကြားလေသွေးတာ မခံနိုင်တယ်၊ ဒီဆောင်းရယ်က ချမ်းအေးလွန်းတယ်၊ နွေးနွေးထွေးထွေး ဖက်ထားပါ မောင်ရယ်.

Wednesday, April 18, 2012

ဗြိတိသျှ ဝန်ကြီးချုပ်၏ လက်ဆောင်မွန်

အပေါင်းအသင်း ရောင်းရင်း တို့ရေ၊ မင်္ဂလာရှိလှတဲ့ အတာသင်္ကြန နှစ်သစ်ကူးအချိန်မှာ မင်္ဂလာရှိလှတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သွားတာ အင်မတန် အရေးကြီးတဲ့ သတင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဗြိတိသျှလို့ ပြောလိုက်တိုင်း ကိုလိုနီနယ်ချဲ့ဆိုတာကို သွားပြီးဆက်စပ်တွေးတော ကြတယ်။ ဂျပန်လို့ ပြောလိုက်တာနဲ့ ဖက်ဆစ်ဂျပန်နယ်ချဲ့ ကျူးကျော်ရေးသမားလို့ ဆက်စပ်ပြီးတွေးတောကြပြန်ရော။ ဒါတွေဟာ Pre-conditions တွေချမှတ်ထားခြင်းဖြစ်ပါတယ်။ အတွေးအခေါ်ရေးရာ ပညာရပ်မှာ Presumptions တို့၊ Pre-conditions တို့ ဆိုတာတွေကို နေရာတကာမှာ ထည့်ထည့်သုံးရင် မှန်ကန်တဲ့ reasoning နဲ့ analysis တွေကို မရရှိနိုင်ပါဘူး။ ကျွန်တော်တို့ သည် rational reasoning တွေရရှိနိုင်အောင် rational thinking methods တွေရှိဖို့လိုပါတယ်။ ဆိုလိုတာက တယူသန်တဲ့ pre-conditions တွေထားပြီး မတွေးခေါ်သင့်ပါဘူး။ သို့မှသာလျှင် မှန်ကန်တဲ့ အဖြေကို ရရှိနိုင်ပါမယ်။ Digital computer ခေတ်ကြီးမှာ ကျွန်တော်တို့ ရဲ့ အတွေးအခေါ်၊ တွေးနည်းကြံနည်း တွေဟာလည်း ခေတ်နဲ့ အညီ တိုးတက်နေဖို့လိုပါတယ်။
(၁) အချက်။ အခုလာရောက်လည်ပတ်သူသည် ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ပထမဦးဆုံး ဗြိတိသျှ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ (၂၀၁၂ - ၁၉၅၅ = ၅၇ နှစ်)
(၂) ဒီခရီးစဉ် အတွင်း သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးသည်။ နောက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းတွေ့ဆုံ ဆွေးနွေးသည်။
(၃) အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ sanctions တွေကို ဖြေလျှော့ပေးဖို့နဲ့ ဆိုင်းငံ့ထားဖို့ တိုင်းသိပြည်သိ ပြောကြားသွားသည်။
(၄) မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သည် အမှန်တကယ် နောက်ပြန်မလှည့်စတမ်းနှင့် ထိထိရောက်ရောက် ဆက်လက် ဖေါ်ဆောင်သွားမည်ဟု  မျှော်လင့်ကြောင်း၊  မြင်တွေ့လိုကြောင်း
ပြောကြားသွားသည်။
(၅) အထက်ပါ အကြောင်းအရာများသည် openly ကြေငြာ သွားသော သတင်းဖြစ်ပါသည်။ openly မကြေငြာ တာတွေကျတော့ ကျွန်တော်တို့ မသိရှိပါဘူး။ ရမ်းမှန်း မှန်းကြဖို့သာရှိပါတယ်။ အမှန်းမှန်တဲ့လူ သည်ကြီးပွားမည်။ မှားတဲ့လူကတော့ နောက်ကောက်ကျ ကျန်ရစ်ရုံသာရှိပါသည်။ တချို့တရုတ်ကြီးတွေကတော့ ရန်ကုန် မြေဈေးတွေကို bullish လို့မြင်ပြီး အကြီးအကျယ် ဝယ်နေကြပါသည်။ (နာမည်ခံလူစားရှာပြီးတောင် ဝယ်ကြပါသည်။) တချို့ကျတော့ bear လို့ထင်ပြီး ပြန်ရောင်းကြပါသည်။ ကျွန်တော်ကတော့ bullish လို့ ထင်ပါသည်။
(၆) တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ open မကြေငြာသွားတဲ့ အချက်တွေက ကျွန်တော်တို့ အတွက် ပို၍အရေးကြီးပါသည်။
(၇) စစ်အစိုးရ စစ်ထွက်ဟောင်းတွေဆိုပြီး မလိုမုန်းထား စိတ် ကို pre-conditions အဖြစ်ထား၍ မတွေးတောသင့်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ထိုသို့တွေးတောလျှင် မှားယွင်းတဲ့ အဖြေတွေ ဖြစ်ပေါ်လာနိုင်တာမို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း စစ်သား ဗိုလ်ချုပ်တယောက် မဟုတ်ပါလား။ ဗိုလ်ချုပ်ကိုစစ်သားဆိုပြီး မုန်းလို့ဖြစ်မလား။ အမှားအမှန်ဆိုတာ လက်ညှိုးမကောင်း လကညှိုး၊ လက်မ မကောင်း လက်မ ပေါ့။ ဝါးလုံးရှည်နဲ့ တလှေ လုံး ရမ်းရင် မှားသွားမှာပေါ့။ ဖက်ဆစ်ဂျပန်နဲ့ နာဇီ ဂျာမန်တွေလည်း ဒုတိယကမ္ဘာစစ်ကြီးမှာစစ်ရှုံးလို့ လက်နက်ချ အညံ့ခံပြီး သူ့လူတွေကို ကျွန်တော်တို့ အခုထက်ထိ ကောင်းမွန်စွာ လက်ခံ ဆက်ဆံနေတယ် မဟုတ်ပါလား။ ဖက်ဆစ် နာဇီတွေဆိုပြီး ဂျပန်နဲ့ ဂျာမန်ဟူသမျှကို မဆက်ဆံလို့ရမလား။
(၈) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်လည်း မြန်မာနိုင်ငံကို လာလည်သွားပါသည်။ သူမဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်က ဖက်လဲတကင်း နှုတ်ဆက်သွားပုံကို ကျွန်တော် မြင်ယောင်နေမိပါသည်။ အမေရိကန်ရဲ့ အာရှဘက်ကို ပြန်လှည့်လာပြီဆိုတဲ့ မဟာဗျူဟာကို ကျွန်တော်တို့ မျက်ခြေမပြတ်သင့်ပါ။ အမေရိကန်ရဲ့ Soft Power နဲ့ Smart Power ကို လေးလေးနက်နက် ရှုမြင်ရပါမည်။ တမြန်နေ့ကဘဲ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အသစ်ရွေးချယ်ရာမှာ အမေရိကန်သမ္မတ အိုဘားမား အဆိုပြုတဲ့ အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး မစ္စတာ Jim Yong Kim ကို ဥက္ကဋ္ဌ အဖြစ်ရွေးချယ် တင်မြှောက်လိုက်ပါပြီ။ ထောက်ခံမဲထဲမှာ ရုရှားလည်း အပါအဝင်ဖြစ်ပါသည်။ ထွန်းသစ်စ စီးပွားရေး အင်အားကြီး ငါးနိုင်ငံဖြစ်တဲ့ BRICS ငါးနိုင်ငံ လည်း ဘာမှ မတတ်နိုင်ပါ။ (သူတို့လူကို ဥက္ကဋ္ဌရာထူးမှာ တင်ပေးချင်တာ မအောင်မြင်ပါ)။ အမေရိကန် ဒေါ်လာ ငွေစက္ကူရဲ့ ကမ္ဘာသုံး ငွေကြေး အဆင့်အတန်းကို မည်သူမျှ စိန်မခေါ် နိုင်သေးပါ။
(၉) ၂၀၁၄ ခုနှစ်ရောက်လျှင် ကျွန်တော်တို့ မြန်မာနိုင်ငံသည် အာစီယံဥက္ကဋ္ဌရာထူးကို ရယူတော့ပါမည်။ ကမ္ဘာ့ နိုင်ငံရေး အထူးသဖြင့် အာရှနိုင်ငံရေးဇာတ်ခုံမှာ အလွန်အရေးပါတဲ့ ရာထူးဖြစ်ပါသည်။
(၁၀) ဥရောပ စီးပွားရေးနှင့် အမေရိကန်၏စီးပွားရေးသည် စိုးစဉ်းမျှ ကျဆင်းခြင်းမရှိပါ။ ယူရိုငွေ၊ ပေါင်စတာလင်ငွေနှင့် အမေရိကန် ဒေါ်လာငွေတို့သည် အခိုင်မာဆုံး ကမ္ဘာသုံး လည်ပတ်ငွေများ ဖြစ်မြဲဖြစ်လျက်ပါ။ အမေရိကန်သည် World financial crisis မှ ဖြစ်ပေါ်လာတဲ့ financial turmoils နှင့် financial mismanagements တွေကို re-adjust လုပ်ဖို့ အတွက် ဒေါ်လာငွေတွေကို မြောက်များစွာ နှိပ်ထုတ်လိုက်ပါသည်။ သူ့ရဲ့ အဓိက ပစ်မှတ်ကတော့ တရုတ်ကြီးဖြစ်ပါသည်။ တရုတ်ကြီးက အမေရိကန်ဒေါ်လာတွေကို အငမ်းမရ သိမ်းကျုံး ဖြားယောင်း ရှာယူခဲ့တဲ့ အတွက် အခုတော့ ခံလိုက်ရပြီပေါ့။ အမေရိကန်ကို ငွေစက္ကူ မနှိပ်ရဘူးလို့ သူ အမိန့်ပေးခွင့် မရှိပါ။ အမိန့်ပေးနိုင်သည့် အရည်အချင်းလည်းမရှိပါ။ ထိုသို့ စွက်ဖက်ခွင့်လည်းမရှိပါ။ ထိုသို့မဖြစ်ရုံမက တရုတ်ကြီးသည် အမေရိကန်ကို ကပ်ဖားပြီး အမေရိကန် ဒေါ်လာ State bonds တွေကို ဘီလျံပေါင်း မြောက်များစွာ ဆက်လက်ဝယ်ယူတုန်းပါဘဲ။ အလားတူဘဲ ယူရိုငွေ bonds တွေကိုလည်း ဝယ်နေဆဲပါဘဲ။ ဒါဟာ တရုတ်ကြီး လိမ္မာပါးနပ် တဲ့ သဘောပါ။ တခြားလူတွေ အမေရိကန်နား ကပ်တာကျတော့ သူလက်မခံပါ။
(၁၁) အထက်ပါ အကြောင်းအရာများကို ခြုံ ငုံကြည့်ရင် ကျွန်တော်တို့မြန်မာနိုင်ငံ ဘယ်လို ပေါ်လစီတွေ ချမှတ်သင့်တယ်၊ ဘယ်လိုလမ်းစဉ်ကို လိုက်သင့်တယ် ဆိုတာ ရှင်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်တော်တို့ နိုင်ငံတော်အတွက် ရွှေလမ်းငွေလမ်းပွင့်မည့် ရွှေတုံး ကြီးဖြစ်ပါတယ်။ သူမသည် sanctions တွေကိုမရုပ်သိမ်းအောင် တားမယ်လို့ ကျွန်တော် လုံးဝ မယုံကြည်ပါ။ စကား အရာအရ လျှော့ပြောသည် ရှိသည့်တိုင်အောင် ဒါဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဈေးကွက်ထဲ အချိန်မှီ ဝင်နိုင်အောင် အခြေအနေ ဖန်တီးပေးနေခြင်းဘဲ ဖြစ်တယ်လို့ ယူဆရပါမည်။ မြေဈေးတွေ Stock share ဈေးတွေ ခေါင်ခိုက်အောင် တက်ပြီးမှ ကျွန်တော်တို့ မြန်မာတွေ ဈေးကွက်ထဲဝင်လို့ကတော့ အရိုးဘဲ ကိုက်ရတော့မှာပါ။ တကယ် Open Market ဖြစ်လာတဲ့ အခါ လူရည်ဝဖို့၊ နားရည်ဝဖို့၊ နိုင်ငံရေး အနံ့ ခံ ကောင်းဖို့ အစွမ်းအစတွေ ရှိဖို့လိုပါသည်။ သို့မဟုတ်လျှင်တော့ တရုတ်ကြီးနဲ့ ကုလား ကြီးတွေဘဲ စားသွားမှာပါ။ ဒီလိုအချိန်မျိုးမှာ အရေးကြီးဆုံးအချက်ကတော့ နွားကွဲရင် ကျားဆွဲမယ် ဆိုတာ ကို ကြပ်ကြပ်သတိထား မမေ့လျော့ဖို့ ပါဘဲ။

Saturday, April 7, 2012

မြန်မာနဂါးနှင့် ဒီမိုကရေစီ ဒီလှိုင်း

ကမ္ဘာ့ဒီမိုကရေစီအင်အားစုသည်အောင်မြင်မှုများ ဆက်တိုက် ရရှိနေပါသည်။ အရင်းရှင်ဒီမိုကရေစီစံနစ်က ကမ္ဘာကြီး တခုလုံးကို လွမ်းမိုးလို့နေပြီ။
အခုတလော မြန်မာနိုင်ငံ၏ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလစ်လပ်အမတ်နေရာ အားလုံးနည်းပါး အနိုင်ရရှိသွားပါသည်။ ဤအချက်က ဘာကိုပြနေသလဲဆိုတော့ မြန်မာ ပြည်သူလူထုကြီးသည် ဒီမိုကရေစီစံနစ်ကို မည်မျှ မျှော်လင့်တောင့်တ နေသည်ကို ဖေါ်ပြနေပါသည်။ ဒီထက်ပိုပြီး အရေးကြီးတာက နိုင်ငံတော်အစိုးရသည်လည်း ပြည်သူလူထုကြီးရဲ့ ဆန္ဒသဘောထားကို သိရှိနားလည်ပြီး ပြည်သူ့ဆန္ဒကို လေးစားလိုက်လျောသည့်အနေဖြင့် ဒီမိုကရေစီ သဘောထားနှင့် ရပ်တည်ချက်ကို ရှင်းလင်း ပြတ်သားစွာနှင့် အမြော် အမြင်ကြီးစွာ ဖေါ်ပြခဲ့ပါသည်။ သို့အားဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်ချောမွေ့စွာ ကျင်းပ ပြီးစီးနိုင်ခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ လေ့လာ ဆန်းစစ်ရေး အဖွဲ့များ၏ ချီးကျူး အတည်ပြုမှုကို တခဲနက်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲ ချောမွေ့စွာ ကျင်းပပြီးစီးတာနဲ့ တပြိုင်နက် တုံ့ပြန်အသိအမှတ်ပြု တဲ့အနေနဲ့  မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှု နဲ့ကန့်သတ်ချက် တွေကို လျှော့ချ ပယ်ဖျက်ပေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ကနဦးဆုံး အချိန်မှာ မဆိုင်းမတွ ကြေငြာခဲ့ပါတယ်။ သို့ဖြင့် မြန်မာနိုင်ငံသည် ပြည်ထဲရေးတွင်ကော နိုင်ငံခြားရေးမှာပါ နောက်ထပ် အရေးပါတဲ့ ထိုးဖေါက် အောင်မြင်မှုကြီး တခု ရရှိနိုင်ခဲ့ပါတယ်။ သည့်ထက်ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ မြန်မာနိုင်ငံ သည် ကမ္ဘာ့ပင်မ ရေစီးကြောင်း ဖြစ်တဲ့ လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို နောက်ပြန်မလှည့်စတမ်း လျှောက်လှမ်း တော့မယ် ဆိုတာကို ဤအချက်(ကြားဖြတ်ရွေးကောက်ပွဲ)က ကွက်ကွက်ကွင်းကွင်း ဖေါ်ပြနေပါတယ်။ ထိုနည်းအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး နယ်ပယ်သည် မိုးကောင်းကင်နှင့် ပင်လယ်ပြင်တမျှ ကျယ်ပြော လာပါသည်။ အတုမဲ့ ထွန်းလင်း တောက်ပနေတော့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့ သည် တဦးနှင့်တဦး နားလည်မှု အပြည့်အဝ ရှိကြပါသည်။ ပြီးပြည့်စုံသော ပူးပေါင်း ဆောင်ရွက်မှု တရပ် ဟုဆိုနိုင်ပါသည်။ ၎င်းတို့ နှစ်ဦးသည် အမျိုးသား ပေါင်းစည်းညီညွတ်ရေးနှင့် ဒီမိုကရေစီရေး၏ ရှေ့ဆောင်စံပြ၊ ခေါင်းဆောင်ကြီးများအဖြစ် ကမ္ပည်းကျောက်စာ တင်ခံထိုက်သူများ ဖြစ်ပါသည်။ ဤစာ ရေးနေချိန် မှာဘဲ တယ်လီဗွီးရှင်း သတင်းမီဒီယာ ထဲကနေ အစိုးရနှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်း (KNU) အကြား  ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိသွားပြီ ဆိုတဲ့ သတင်းကောင်း ကြားလိုက် ရပါတယ်။ BRAVO! ကောင်းလေစွတကား။ မင်္ဂလာသတင်း တပုဒ် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ရဲ့ အမျိုးသား ချစ်ကြည် စည်းလုံး ရေးနှင့် ဒီမိုကရေစီရေးသည် လေဟုန်စီး သကဲ့သို့ အရှိန် မြှင့်၍ တိုးတက်နေပါပြီ။ ဒီနေ့ ဒီအချိန် ဒီနေရာကစပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ကမ္ဘာ့ဒီမိုကရေစီ မိသားစုကြီး၏ အဖွဲ့ဝင် တဦး ဖြစ်လာသည့် အလျောက် ကျွန်တော်တို့၏ မိတ်ဆွေရောင်းရင်း များသည် ကမ္ဘာအနှံ့ ပြန့်နှံ့လျက်နေပါပြီ။ တချိန်ထည်းမှာဘဲ ကျွန်တော်တို့ရဲ့ စီးပွားရေး သည်လည်း တဟုန်ထိုး တိုးတက် လာပါမည်။ မကြာမီ ကာလတွင် မြန်မာနိုင်ငံသည် အာရှတိုက် တွင် နောက်ထပ် ထွန်းပေါက် လာမည့် စီးပွားရေးအင်အားနိုင်ငံ တနိုင်ငံ(မြန်မာနဂါး) ဖြစ်ပါသည်။

Tuesday, April 3, 2012

မြန်မာ့ ဒီမိုကရေစီအရေး အောင်နိုင်ရမည်

ပြီးခဲ့ တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စုစုပေါင်းလစ်လပ် အမတ်နေရာ ၄၅ နေရာထဲက ၄၃နေရာ အနိုင်ရရှိသွားတယ်ဆိုတော့ လူထုထောက်ခံမှုကို အပြည့်အဝ ရရှိနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ ရွေးကောက်ပွဲလည်း ဒီမိုကရေစီ ပီပြင်စွာ မှန်မှန်ကန်ကန် ကောင်းမွန်ချောမွေ့စွာ ကျင်းပပြီးစီး သွားတယ်ဆိုတော့ (မပြောပ လောက်တဲ့ အပြစ် အနာအဆာ လေးတွေတော့ ရှိစမြဲပါ) ရွေးကောက်ပွဲကော်မရှင်ကိုကော အစိုးရကိုပါ ကျေးဇူး တင်ရမည် ဖြစ်ပါသည်။ ဤကြားဖြတ် ရွေးကောက်ပွဲရဲ့ အနှစ်သာရ ရလဒ်က ဘာလဲဆိုတော့ စစ်မှန်တဲ့ ဒီမိုကရေစီရေးဘဲဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ လိမ်လည် လှည့်ဖြားတဲ့ နည်းနဲ့ အတုလုပ်လို့မရပါဘူး။ အတုလုပ်လျှင်လည်း လုပ်တဲ့ လူဘဲ ခံသွားရမှာပါ။ ဒီမိုကရေစီရဲ့ ဘုန်းတန်ခိုး အာနိသင်ဟာ လွန်စွာ ကြီးမားပါပေတယ်။ သူ့ အနားကို မည်သည့် မကောင်းဆိုးဝါးမျှ လာကပ်၍ မရပါ။ ထို့ကြောင့် ဒီမိုကရေစီကို လူတိုင်းမြတ်နိုး ယုံကြည် ကိုးကွယ် သင့်ပါသည်။
အမိနိုင်ငံတော်၏ ဒီမိုကရေစီရေး အဓွန့်ရှည်ပါစေ။
လူထုအင်အား အဓွန့်ရှည်ပါစေ။
တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်စည်းလုံးရေး အဓွန့်ရှည်ပါစေ။