Friday, April 20, 2012

ကြားလေသွေးတာ မခံနိုင်ပါ

ဒီနေ့ဆို သမ္မတကြီး ဂျပန်ပြည်ကို တရားဝင်အလည်အပတ်သွားရောက်တော့မည်ဖြစ်ပါသည်။ နောက်လဆန်းတွင် အိန္ဒိယ ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ တရားဝင် အလည်အပတ် လာရောက် တော့ပါမည်။ အရာခပ်သိမ်းတို့သည် မင်္ဂလာ အပေါင်းတို့ ကိုညွှန်ပြနေပါသည်။ အတိတ်ကောင်း နိမိတ်ကောင်း တွေချည်းဖြစ်ပါသည်။ သင်္ကြန်ပွဲတော်ဆင်နွဲလို့ အားမရသေးဘူး၊ နှစ်ဦးပွဲတော်ပါ ဆက်လက် ဆင်နွဲရမလို ဖြစ်နေပြီ။ NLD အဖွဲ့ကို လွှတ်တော်ထဲ ရောက်စေချင်လို့ လူထုက မဲ အပြတ်အသတ်နှင့် တင်မြှောက်လိုက်ပါပြီ။ ရှေ့ဆက်ကပြရမှာက NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလုပ်ဖြစ်ပါသည်။ ဘာဘဲပြောပြော အရာခပ်သိမ်း တို့သည် ပေါင်းစည်းညီညွတ်၊ ချစ်ကြည်စည်းလုံးရေးသို့ ဦးတည် နေပါသည်။ ဒါဟာ ဆဋ္ဌမ မြန်မာနိုင်ငံ တော်ကြီးရဲ့ ကြီးမြတ်တဲ့ ဘုန်းတန်ခိုး အရှိန်အဝါကို ရောင်ခြည်တော်တွေ အားဖြင့် ကွန့်မြူးပြသနေခြင်း ဖြစ်ပါသည်။ ဒီလိုအချိန်အခါမျိုးမှာ မင်္ဂလာစကားတွေကို တွင်တွင်ပြောဆိုကြပါစို့။ မေတ္တာ ဂရုဏာတွေ ပွားများကြပါစို့၊ ဘုရားကျောင်းကန်တွေကို များများတက်ကြစို့၊ တရား ဘာဝနာ တွေများများ ပွားများကြပါစို့။  တခု ဂရုပြုရမည်မှာ ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်မှု တွေတသီတသန်းကြီး ရနေတဲ့ အချိန်မှာ မရှုစိမ့် မမြင်စိမ့် မနာလိုတဲ့ အဖျက်သမား တွေက ငါ မင်းသားကြီး မလုပ်ရလို့ ဆိုပြီး ပတ်မကြီးကို လက်သီးနဲ့ ဖောက်ထိုးပစ်မှာကို သတိထား ကာကွယ်ဖို့ လိုပါတယ်။ အခုတလော သတင်းထဲမှာ ဘာ ဘန်ကောက် ပို့(စ်)သတင်းထဲမှာ ဒီပဲယင်း အကြောင်း ပါတယ်လို့ ကြားသိရတယ်။ ဒါ သတိပြုရမယ့် အချက်ဖြစ်ပါတယ်။ ဘာကိုသတိပြုရမလဲဆိုတော့ ကြားကနေ မလိုတမာ ဖျက်ဆီးချင်တဲ့ လူတွေရဲ့ အန္တရာယ် ကိုကာကွယ်ဖို့ လုံခြုံရေးတွေပိုပြီး ကောင်းအောင် လုပ်ဖို့လိုပါတယ်၊ သတိဝိရိယ ထားဖို့လိုတယ် ဆိုတဲ့ အချက်ပါဘဲ။ လုံခြုံရေးဆိုတာ ဘယ်သောအခါမျှ သတိမလစ်သင့်ပါ။ နိုင်ငံကို ခေါင်းဆောင်မယ့် နိုင်ငံရေးသမား ပြည်သူ့ ကိုယ်စားလှယ်များသည် လုံခြုံ ရေးကို ပို၍ ဂရုပြုသင့်ပါသည်။ ကိုယ်စားလှယ်များ၏ တစ်ဦးချင်း လုံခြုံရေး ကိုတောင် မကာကွယ်နိုင်လျှင် တိုင်းနိုင်ငံ တခုလုံးရဲ့ လုံခြုံရေးကို အဘယ်သို့ ကာကွယ်နိုင်မှာနည်း။ အရေးကြီးဆုံး အချက်က ပေါင်းစည်းညီညွတ်မှုရနေပြီဖြစ်တဲ့ ဒီမိုကရေစီ အောင်မြင်မှုကြီးကို ကြားကသပ်လျှို ဖျက်ဆီးမယ့် အန္တရာယ်ပါဘဲ။
နိုင်ငံရေးလုပ်တယ်ဆိုတာ ကျားချ (chess ကစား) သလိုပါဘဲ။ ကျားပွဲနိုင်ချင်လျှင် ကျားကွက်ကိုပိုင်နိုင်ရတယ်။ ကျားကွက် ဆိုတာဘာလဲ။ ကျားကွက်ဆိုတာ အကြွေး၊ အစား၊ အရွှေ့၊ အပြောင်းပါဘဲ။ ကိုယ်က pawn ကိုကြွေးမှ bishop ကို စားနိုင်တဲ့ အခွင့်အရေးရရှိမှာပါ။ ဘာမှ မကြွေးဘဲ အနိုင်ရတဲ့ ကျားပွဲရယ်လို့ မရှိပါဘူး။ ဆိုလိုတာက အနစ်နာခံသင့်တဲ့ အခါ အနစ်နာခံတတ်ရတယ်။ ဒါမှ ပိုမိုကြီးမားတဲ့ အောင်မြင်မှု တွေကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလက်ငင်း အချိန်မှာ တမျိုးသား လုံးက အပူတပြင်း တောင့်တ နေတဲ့ အရာဟာ တမျိုးသားလုံး ချစ်ကြည် ညီညွတ် ပေါင်းစည်း ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဘဲ ဖြစ်ပါတယ်။ ပြည်သူလူထုကြီးရဲ့ ဆန္ဒကို ကြိုးပမ်း ဖြည့်ဆီး  ပေးနိုင်သူသည် ပြည်သူလူထုကြီး၏  ယုံကြည်ကိုးစားမှုကို  ရရှိပြီး အောင်မြင် မှုတွေ ဆက်ခါဆက်ခါ ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုဒီမိုကရေစီ ခေတ်ကြီးကို ရောက်လာတဲ့ အချိန်မှာ ပြည်သူ့ဆန္ဒထုတ်ဖေါ်ခွင့်၊ စီတန်း လှည့်လည် ဆန္ဒပြခွင့်၊ အရေးဆိုခွင့် ဆိုတာတွေ ဟာလည်း ဥပဒေအရ အကာအကွယ်ပေး ခွင့်ပြုတဲ့ ပြည်သူ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ အလယ်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ပြည်သူ့ တပ်မတော်က တာဝန်ယူ ကာကွယ်မှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ သည် အရေးကြီးပါသည်။ သို့သော် ရာခိုင်နှုံး အချိုးအစားကိုတော့ လွှတ်တော် ထဲမှာ ဆွေးနွေးလို့ ရပါသည်။ အခြေခံဥပဒေဘောင်နှင့် လွှတ်တော်ဘောင် အတွင်းကနေ လုပ်ရမည့် ကိစ္စ ဖြစ်ပါသည်။ ဒီမိုကရေစီ ခေတ် ရောက်လာပြီမို့ ဒီမိုကရေစီ ဆန်ဆန် ဆွေးနွေးတိုင်ပင် ကြရတော့မှာ ဖြစ်ပါတယ်။ အားလုံးဟာ အချင်းချင်းတွေပါ ဆိုတဲ့ စည်းလုံး ညီညွတ်ရေး စိတ်ဓာတ် ရှိဖို့သည်သာ အရေးကြီးဆုံး အချက် ဖြစ်ပါသည်။
ကြားလေသွေးတာ မခံနိုင်တယ်၊ ဒီဆောင်းရယ်က ချမ်းအေးလွန်းတယ်၊ နွေးနွေးထွေးထွေး ဖက်ထားပါ မောင်ရယ်.

No comments:

Post a Comment