တရုတ်ဆိုတဲ့ လူမျိုးဟာ နည်းပရိယာယ်အရေးမှာ
ကမ္ဘာမှာ နိုးတူးပါဘဲ။ စီးပွားရှာရာမှာလည်း ထိုနည်း လည်းကောင်းပါဘဲ။ ရှေးနှစ်ပေါင်း
၃၁၀၀ ကျော်တုန်းက တရုတ်ပြည် ရှန်-ကျိုး မင်းဆက်(商-周) လက်ထက်မှာ "ကျန်းထိုက်ကုံး"ဆိုတဲ့
ပညာရှိတယောက်ဟာ ဘုရင်ကြီး ကျိုးဝူဝမ်နဲ့ တွေ့ရဖို့အရေး ရေကန်တကန်ဘေးမှာ ငါးစာ မပါတဲ့
ငါးမျှားချိတ်နဲ့ ငါးမျှား ပြီး အခါအခွင့်ကို စောင့်တယ် ဆိုဘဲ။ ယနေ့ခေတ် တရုတ်တွေဟာလည်း
ထိုအစဉ်အလာကို မြဲမြဲစွဲကိုင်ပြီး စီးပွားရှာတတ်ကြပါတယ်။ သူတို့ဟာ အဲသည့် ကျန်းထိုက်ကုံး ရဲ့
ငါးမျှားတံနဲ့ အမြဲ ငါးမျှား နေကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် တရုတ်တွေက ငါးမျှားချိတ်မှာ
ငါးစာ တပ်ပြီး မျှားကြတာပါ။ သူတို့က ဘုရင်ကြီးကို တွေ့ချင်လို့ စောင့်နေတာ မဟုတ်တော့ပါဘူး။
စီးပွားဥစ္စာ၊ ဓနဥစ္စာ၊ သယံဇာတ ကုန်ကြမ်းနဲ့ နယ်နိမိတ် အရှိန်အဝါ အရင်းအမြစ်တွေ ကြီးကြီးမားမား
ရဖို့ မျှားနေကြတာပါ။ သည်တော့ ငါးမျှားချိတ် ချိတ်မိတဲ့ ငါးအဖြစ်ခံမလား၊ ငါးမျှားချိတ်ကို
ရှောင်နိုင်တဲ့ငါး ဖြစ်မလား ဆိုတာကတော့ ငါးအပေါ်မှာ မူတည်ပါတယ်။
တကယ်မတော့ ကမ္ဘာပေါ်မှာ စီးပွားအရှာတတ်ဆုံး လူမျိုးဟာ ဂျူးလူမျိုး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး နယ်ပယ်ကို ချုပ်ကိုင်ထားနိုင်သူတွေဟာ ဂျူးလူမျိုး တွေဘဲ ဖြစ်ပါတယ်။ ဂျူးလူမျိုးနဲ့စာရင် တရုတ်လူမျိုး စီးပွားရှာ တတ်တယ်ဆိုတာ မနေ့တနေ့ ကမှ စတတ်တာပါ။ ဂျူးလူမျိုး တော်မှန်းသိလို့ တရုတ်တွေဟာ ဂျူးလူမျိုး ကြီးစိုးတဲ့ အမေရိကန်ကို အံမတုရဲ မလွန်ဆန်ရဲပါဘူး။ ကျန်းထိုက်ကုံးက ကျိုးဝူဝမ်ကိုစောင့်သလို တရုတ်ကြီးကလည်း ဂျူးလူမျိုးနဲ့ အမေရိကန်လူမျိုးကို တလေးတစား စောင့် လင့်နေတာပါ။ လက်ရှိ ကမ္ဘာ့ စီးပွားရေးနဲ့ နိုင်ငံရေး အခင်းအကျင်းမှာ အမေရိကန်ရဲ့ ဒေါ်လာငွေစက္ကူဟာ ကမ္ဘာသုံး ဖြစ်တယ်၊ ကမ္ဘာ့ ငွေကြေးဈေးကွက်ကို ချုပ်ကိုင်ထားတယ်၊ တကမ္ဘာလုံးက တရားဝင် အသိအမှတ်ပြု လက်ခံထားတဲ့ ငွေစက္ကူ ဖြစ်တယ်ဆိုတာ ကို တရုတ်ကြီး မငြင်းနိုင်ပါဘူး။ ဒေါ်လာနှင့် နှိုင်းစာ လျှင် တရုတ်ရဲ့ Renminbi ယွမ်ငွေဟာ လူရာမဝင်ပါဘူး ဆိုတာ တရုတ်ကြီး ကိုယ်တိုင် ကောင်းစွာ သိထားပါတယ်။ ဒါ့ကြောင့်လည်း သူ့ရဲ့ ယွမ်ငွေကို ဈေးတက်ပေးဖို့ အမေရိကန်က အကြိမ်ကြိမ် တောင်းဆိုတာကိုတောင် တရုတ်ကြီးက ဈေး မတက်ပေးပါဘူး။ ဈေးချမြဲချထားပါတယ်။ ဆိုလိုတာက အမေရိကန် ဒေါ်လာ အစွမ်းထက်မှန်းသိလို့ တရုတ်ကြီးက အမေရိကန်ဒေါ်လာကို ဆက်လက် လက်ခံ စုဆောင်း သိမ်းဆည်း နေဆဲဘဲ ဖြစ်ပါတယ်။ ဒီ လေးငါးခြောက်နှစ်အတွင်း အမေရိကန်က တရုတ်ယွမ်ငွေဈေး မတက်တက်အောင် ဒေါ်လာငွေစက္ကူတွေ ထရီလျံပေါင်းများစွာ ထပ်မံနှိပ်ထုတ်လိုက်ပါတယ်။ သည်တော့ တရုတ်လက်ထဲမှာ ရှိတဲ့ ဒေါ်လာငွေတွေ ဈေးလျော့သွားတာပေါ့။ ဒါတောင်ဘယ်တရုတ် ဘဏ္ဍာရေးဝန်ကြီးမှ တာဝန်ယူပြီး ရာထူးမှ နှုတ်ထွက်ပေးခြင်း မရှိပါဘူး။ ဒါကတော့ ဒီမိုကရေစီ မဆန်တဲ့ တရုတ် ပြန်ပြင်ရေးဝါဒရဲ့ လုပ်ထုံးလုပ်နည်းဘဲ ဖြစ်ပါတယ်။ အရေးကြီးဆုံး အချက်က တရုတ်ကြီးဟာ အမေရိကန် ဒေါ်လာကို မျက်ခြေမပြတ် လက်ခံ စုဆောင်း နေတဲ့ အချက်ပါဘဲ။ ဒီအချက်ကဘာကိုပြနေသလဲ ဆိုတော့ ဒီအချက်က တရုတ်ကြီးသည် လက်ရှိကမ္ဘာမှာ အမေရိကန်သည်သာ Super Power ဖြစ်သည်။ စီးပွားရေး တိုးတက်ချင်လျှင် အမေရိကန်ဒေါ်လာ ကို ကိုင်မှသာလျှင် ဖြစ်နိုင်မည်။ ဒါကြောင့် အမေရိကန်ရဲ့ Super Power အစ်ကိုကြီး အရိုက်အရာ နေရာကို စိန်မခေါ်ရဲ သေးဘဲ ရိုရိုကျိုးကျိုး ဆရာနေရာမှာ တင်မြဲတင်ထားဆဲ ဖြစ်သည်ဆိုတာ ကို ပြနေပါတယ်။ သို့သော် တရုတ်ကြီးသည် အမေရိကန်ကိုသာ အရာရာမှာ အလျှော့ပေးတာ၊ အမေရိကန် မမြင်တဲ့နေရာ၊ လက်လှမ်းမမှီတဲ့ နေရာ (ဥပမာ တခြား နိုင်ငံငယ်လေးတွေ အပေါ်) ကျတော့ သူ့ရဲ့ မူရင်းစရိုက် ဖြစ်တဲ့ အထက်စီးကနေဘဲ လူပါးဝချင်တာ၊ ဆရာကြီး လုပ်ချင်တာ၊ နိုင့်ထက်စီးနင်း လုပ်ချင်တာဘဲ ဖြစ်ပါတယ်။ ဒီဥာဉ်ဆိုး ကိုတော့ တရုတ်ကြီး ဘယ်သော အခါမျှ မပြင်နိုင်ပါဘူ။ ဒါဟာ တရုတ်ရဲ့ ယဉ်ကျေးမှုမှာ အရိုးစွဲအောင် ကျန်ခဲ့တဲ့ ရှေး အစဉ်အလာ ဖြစ်ပါတယ်။ ၎င်းကို "ကျန်းထိုက်ကုံး ငါးမျှားနေတာ၊ ခံချင်တဲ့လူလာပြီး အချိတ်ခံပါ" = "姜太公钓鱼,愿者上钩“ ဆိုတဲ့ တရုတ် စကားပုံ ကနေ သိရှိနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ငါးမျှားစာ ကိုမက်ပြီး အရမ်းလိုက်ဟပ်နေတဲ့ ငါးတွေ အများကြီး ရှိနေပါတယ်။ ဒီ ငါးမျှားချိတ်နဲ့ ငါးတွေ ရှိနေသ၍ ကျွန်တော်တို့ မြန်မာနိုင်ငံ စီးပွားရေး မတိုးတက် နိုင်ပါဘူး။ မတိုးတက်တဲ့ အပြင် သားကောင် သိုးကလေး ဖြစ်ဖို့ နီးနေပါတယ်။ သတိနဲ့ ယှဉ်၍ လုပ်သင့် လှပါပြီ။