Saturday, September 6, 2014

နိုင်ငံသားဟူသည် သစ္စာတည်


တရုတ်တွေဟာ တရားမဝင် အလုပ်တွေလုပ်ရာမှာ အလွန် ဇက်ရဲလက်ရဲ တယ်။ (လက်ပံတောင်း ကြေးနီ လုပ်ငန်း ရဲ့ လုံခြုံ ရေးများကို ဥပဒေမဲ့ လက်နက် တပ်ဆင် ပေးမယ်ဆိုတဲ့ သတင်း ကို မဆိုထားနဲ့)။ မြန်မာ ပြည်ဖွား မဟုတ်ဘဲ အခု နောက်ပိုင်း နှစ် အနည်းငယ်ကမှ ခိုးဝင်လာပြီး မှတ်ပုံတင် "အစစ်"များ ဝယ်ယူကိုင်ဆောင်ထားတဲ့ တရုတ်တွေက ပိုဆိုးပါတယ်။ သူတို့ရဲ့စိတ်ထား၊ အကျင့် အကြံတွေဟာ ကျွန်တော်တို့ မြန်မာ နိုင်ငံအတွက် ဘာအကျိုးမျှ မရှိတဲ့ အပြင် အကျိုး ဘဲ ဆုတ်ယုတ်စေပါတယ်။ သူတို့ ကျွမ်းကျင်တာက ဥပဒေမဲ့ မှောင်ခို လုပ်ငန်းတွေလုပ်မယ်၊ လာဘ်ထိုးပြီး ကျွန်တော်တို့ မြန်မာ အမှုထမ်း အရာထမ်း တွေကို အကျင့် ဖျက်ဆီးမယ်။ လူကုန်ကူးမယ်၊ မှောင်ခို လူဦးရေ ခိုးသွင်းပြီး အခ ကြေးငွေယူမယ်။ အမေကျော် ထွေးတော်လွမ်းပြီး တရုတ်ပြည်သွား ၍ သင်တန်းတွေ၊ အစည်းအဝေးတွေတက်မယ်၊ ဟိုက ပေးတဲ့ အထောက်အပံ့ တွေကို ယူမယ်၊ ကိုယ်ကျိုး ရှာမယ်။ အခကြေးငွေယူပြီး တရုတ်ပြည်က လွှတ်လာတဲ့ သူလျှိုစုံထောက်၊ စုံထောက်မ တွေကို အကာအကွယ်ပေးမယ်၊ ထိမ်ဝှက် ဖုံးကွယ်ထားမယ်၊ အမှတ်(၅) အတွင်းလူ သူလျှို တပ်ဖွဲ့ ကို တည်ထောင် အားပေးမယ်။ အမေကျော် ထွေးတော်လွမ်းပြီး တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံး အရာရှိများကို ဖားမယ်၊ အကူအညီပေးမယ်၊ နည်းပေးလမ်းပြလုပ်မယ်။
မြန်မာပြည်ရှိ တရုတ်ကျောင်းများဟာ တရားမဝင် ဥပဒေမဲ့ ကျောင်းများ ဖြစ်ပါတယ်။ ဒီကျောင်းတွေဟာ တရုတ်ပြည်ကလာဖွင့်တာမဟုတ်ပါဘူး။ မြန်မာပြည်ရှိ မြန်မာနိုင်ငံသား တရုတ်နွယ်ဘွား များက လူမှု ရေးအဖွဲ့အစည်း ဖွဲ့ပြီး ဖွင့်ထားတာပါ။ ဖြစ်သင့်တာက ၎င်းတို့သည် ကိုယ့် မြန်မာနိုင်ငံ အစိုးရက စာနာထောက်ထား အောင် နိုင်ငံတော်နှင့် အစိုးရအပေါ် သစ္စာ စောင့်ထိန်းပြီး ခွင့်ပြုချက်ရအောင် ကြိုးစားသင့်တာပါ။ ခွင့်ပျြုချက် မရသေးလို့ နားလည် မှုနဲ့ ဖွင့်တယ် ဆိုရင်တောင်မှ မဆီမဆိုင် နိုင်ငံခြား တရုတ်ပြည်က ဆရာဆိုသူတွေကိုခေါ်လာကာ ပြည်ဝင်ဗီဇာ နှင့်မကိုက်ညီတဲ့ စာသင်ဆရာ အလုပ်ဆိုပြီး ကျောင်းမှာ နေရာ ထိုင်ခင်း အစား အသောက် ပေးပြီး အလုပ်မခန့်သင့်ပါဘူး။ လာရောက် အမိန့်ပေး သြဇာပေး ဆရာလုပ် အုပ်ချုပ်စေတာမျိုး မလုပ်သင့်ပါဘူး။ သင်တန်းပေးတယ်ဆိုပြီး စိုးမိုးခြယ်လှယ်ခြင်းမလုပ်သင့်ပါဘူး။ ထိုသို့ လုပ်ချင်တယ်ဆိုရင်တောင် နိုင်ငံတော် အစိုးရ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန မှ တဆင့် ခွင့်ပြုချက်များ ဖြင့်သာ လုပ်ဆောင်သင့်ပါကြောင်း။ ကျောင်းစာအုပ်များကိုလည်း တရုတ်ပြည်က သူတို့ ပြည်ကို ချီးကျူးဂုဏ်ပြု ကျေးဇူး သစ္စာ စောင့် စေတဲ့ စာ အုပ်မျိုး တွေကို မသုံးသင့်၊ မသင်ကြားသင့်ပါဘူး။ ဒီလိုသင်နေလျှင် တိုင်းတပါး သစ္စာ ခံတွေ ဖြစ်ကုန်မှာ ပေါ့။ ဒါဟာ မပွင့်မလင်း မထင်သာ မမြင်သာ လုပ်တဲ့ ဥပဒေမဲ့ မှောင်ခို လုပ်ရပ် ဖြစ်ပါတယ်။ အခမဲ့ကူညီတယ် ဆိုပြီး လိမ်လည် လှည့်ဖြားတဲ့ အယောင်ဆောင် အမည်နာမ ဆင်ခြေဆင်လက် တွေနဲ့လည်း ကိုယ့် နိုင်ငံတော် အစိုးရ ခွင့်ပြု ချက် မရဘဲ တရားမဝင်တဲ့ ကျောင်းမှာ တရားမဝင်တဲ့ ခိုးကြောင် ခိုးဝှက် မှောင်ခို စာသင် အလုပ် မခန့်သင့်ပါဘူး။ ကျောင်းရဲ့ နှစ်ပတ်လည်နေ့တို့ ၊ ဘာပွဲညာပွဲတွေ ကျင်းပရင်လည်း နိုင်ငံတော် အလံနဲ့ ပြည်နယ်အလံတွေ ထောင်သင့်ပါတယ်။ နိုင်ငံတော် အလံအလေးပြုခြင်း၊ နိုင်ငံတော် သီချင်း သီဆိုခြင်း ပြုလုပ်သင့်ပါသည်။ သက်ဆိုင်ရာ အာဏာပိုင် လူကြီးမင်းများကို ဖိတ်ကြား သင့်ပါသည်။ ဒါတွေကို ကျွန်တော် အဖန်တလဲလဲ ထောက်ပြ အကြံ ပြု ပါသော်လည်း ဒီတရုတ်တွေက လက်မခံပါ။ မထီမဲ့မြင် ပြုကြပါသည်။ သူတို့ စိတ်ဓာတ်က ဦးနေဝင်းခေတ်က တရုတ်တွေကို မျက်နှာသာ မပေးဘဲ နှိမ်ထား ခဲ့ တဲ့ အကြောင်းရင်းထက်တောင် ဆိုးနေပါ သေးတယ်။ သူတို့ကို ကိုယ့်အမိမြန်မာ နိုင်ငံတော်ကို တကယ်ချစ်မြတ်နိုးတတ်၊ တကယ် သစ္စာ ရှိတတ် လာအောင် သွန်သင်ပေးဖို့ များစွာ လိုအပ်နေပါသေးတယ်။ တရုတ်ကောင်စစ်ဝန် အရာရှိများဟာလည်း ဒီလို တရားမဝင် ကျောင်းတွေမှာ လာလာပြီး ခြေရှုပ်တာ၊ ဆရာလုပ်တာ မလုပ်သင့်ပါဘူး။ တရုတ်ကျောင်းဆိုပေမယ့် တရုတ်နိုင်ငံသားများရဲ့ ကျောင်းမဟုတ်ဘဲ မြန်မာနိုင်ငံသားများ က ကိုယ့် ချွေးနဲစာနဲ့ ကိုယ် ရန်ပုံငွေတွေ ကောက်ပြီး ဖွင့်ထားတဲ့ ကျောင်း ဖြစ်တာမို့ တရုတ်ပြည်နဲ့ ဘာမှ မဆိုင်ပါ။ အဆိုးဆုံးက တရားမဝင် ဥပဒေမဲ့ ဖွင့်ထားတဲ့ ကျောင်းကို လာပြီး မစွက်သင့်ပါ။ သို့မဟုတ်က ဥပဒေကျူးလွန်ရာ၊ လူမိုက်အားပေး ကြံရာပါ အဖြစ်သို့ ရောက်ပေ မပေါ့။ ဒါဟာ တရုတ် ကောင်စစ်ဝန်အရာရှိတွေ၊ သံအရာရှိတွေ ညံ့ဖျင်းတဲ့ အချက် ဖြစ်ပါတယ်။ သံတမန် ကျင့်ထုံးနဲ့လည်း မကိုက်ညီပါဘူး။ ဒါနဲ့များ ကျွန်တော်တို့ မြန်မာနိုင်ငံက မြန်မာ နိုင်ငံသား ခံယူထားပြီး မြန်မာမှတ်ပုံတင် ကိုင်ထားတဲ့ တရုတ် အဖွဲ့အစည်း "ခေါင်းဆောင်" တွေက ထိုသံအရာရှိများကို တဖားထည်းဖားပြီး တဖိတ်ခေါ်ထည်း ဖိတ်ခေါ် ကာ ဝင်ရောက် စွက်ဖက် နေစေတာ ဟာ အလွန် ယုတ်ညံ့တဲ့ အမေကျော် ထွေးတော် လွမ်းတဲ့ အကျင့်ပျက် လုပ်ရပ် တွေ ဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံ တော် အစိုးရက အချိန်မှီ ပြုပြင် သင့်ကြောင်း တိုင်းပြည်ချစ်တဲ့ စိတ်နဲ့ တင်ပြအပ်ပါတယ်။

No comments:

Post a Comment