Thursday, March 1, 2012

အောင်အတိတ် အောင်နိမိတ်တွေ ဝေဆာလို့ နေ

ဥက္ကဌကြီးသူရဦးရွှေမန်းရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ အောင်မြင်သည်ဟု ယူဆရပါသည်။ အိမ်နီးချင်း နိုင်ငံနှင့်ဧည့်ဝတ် ကျေပွန်စွာ ဆက်ဆံရမည်မှာ ထုံးစံဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ နှင့် အနောက်နိုင်ငံများရဲ့ဆက်ဆံရေး တိုးတက်လာတာ တွေ့ရတော့ တရုတ်ကြီးစိတ်ပူနေသည်မှာ သိသာပါသည်။ ကျွန်တော်ကွန်းမင့်တွေမှာရေးခဲ့သလိုပါဘဲ။ တရုတ်ကြီးက အမေရိကန်နဲ့ မရမက တည့်အောင်ကပ်ပေါင်းပြီး ကျန်လူတွေကို အမေရိကန်နား ကပ်မရအောင် အကွက်ဆင်ထားတဲ့ နည်းပရိယယ်တွေကို သုံးထားခြင်း ဖြစ်ပါတယ်။ ဒါမှသူဟာကမ္ဘာရဲ့ ဒုတိယ အကြီးဆုံး ဗိုလ်ဖြစ်နိုင်မှာပါ။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံက အမေရိကန်နဲ့ ထိပ်တန်းခေါင်းဆောင် အဆင့်ချင်း ဆက်ဆံခွင့် ရနေတော့ တရုတ်ကြီး လက်ဝါးကြီး အုပ်ချင်လို့ မရတော့ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကသာ အမေရိကန်နဲ့ တကယ် အဆင်ပြေအောင် ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံတတ်ဖို့ လိုပါတယ်။ ဒါဘော်လီဘော ပုတ်သလိုပေါ့။ Service ပေးခွင့်ဟာ ကျွန်တော်တို့ လက်ထဲမှာ ရောက်နေပါတယ် (တရုတ်ကြီးနဲ့ယှဉ်ပြီး ပြောရရင်)။ ဒီအချိန်မှာ တရုတ်ကြီးက အနောက် နိုင်ငံများရဲ့ မြန်မာပြည် အပေါ် စီးပွားရေး ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ ကူညီပြီး တောင်းဆိုပေးမယ်လို့ပြောတာ သူများရပြီးသား ထောပတ် အဆီပေါ်မှာ သူက သဲ့ပြီး အသားယူလိုက်ခြင်း ဖြစ်ပါတယ်။ တရုတ်ကြီးရဲ့ သံတမန် ရေးရာ ပါးနပ် ကျွမ်းကျင်မှုကတော့ ဒီတချီမှာ ချီးကျူး ရလောက်အောင် တော်စွမ်းနေပါသည်။ (လစ်ဗျား အရေးနဲ့ ယ္ခု ဆီးရီးယား အရေးမှာ တော့ တရုတ်ကြီး အကြီးအကျယ် မှားလို့ အကြီးအကျယ် သိက္ခာကျခဲ့ ရပါသည်။ လစ်ဗျား နဲ့ ဆီးရီးယား အရေးတွေမှာ တရုတ်ကြီး အကဲဖြတ် မှားယွင်းခဲ့ပါသည်။ မြန်မာနိုင်ငံကိုတော့ သူ တော်တော်လေး သတိထားလေ့လာ  ထောက်လှမ်းနေလို့  အကဲဖြတ် မှားယွင်းခြင်း မဖြစ်ပေါ်  သေးပါဘူး။ မြန်မာနိုင်ငံမှာ အစဉ်အလာ အားဖြင့် အင်မတန်တော်စွမ်းတဲ့ ပုဂ္ဂိုလ်တွေ ပေါ်ထွန်း ခဲ့တယ်၊ အခု လက်ရှိမှာလည်း ပေါ်ထွန်းနေဆဲဖြစ်တယ် ဆိုတာ တရုတ်ကြီးသိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားဟာ မဟာဗျူဟာ ကျလွန်းလို့   (တရုတ်အတွက် အနောက် တောင်ဘက် တံခါးပေါက်ဖြစ်ခြင်း) တရုတ်ကြီး အတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာ ပြောစရာ လိုမယ် မထင်ပါဘူး။ ဒါတွေကို ချုံတွက်လိုက်ရင် ခုအချိန်ဟာ ကျွန်တော်တို့ မြန်မာ နိုင်ငံတော်ကြီးကံကောင်းပြီး အခွင့်ကောင်းတွေ ရနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ကောင်းစွာအသုံးချ တတ်ဖို့လိုပါတယ်။ တရုတ်ကြီးရဲ့စကားပုံ နဲ့ပြောရရင် ဒါဟာ အရပ်လေးမျက်နှာ အားလုံးမှာ အခွင့်အလမ်းတွေနဲ့ ဆုံဆည်း ပြီး အဘက်ဘက်က ကံကောင်းနေတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဥက္ကဌကြီး သူရဦးရွှေမန်းကို အမေရိကန် လွှတ်တော် အမတ် ဂျွန်မက်ကိန်းက အမေရိကန်သို့ အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်ထားပြီးသား မဟုတ်ပါလား။ အမေရိကန်ဟာ တရုတ်ကြီးရဲ့ဆရာ ဖြစ်ပါတယ်။ ကျားဆရာ ကြောင် ဆိုသလို တကယ့် ဆရာ ကြီး အစစ်ဖြစ်ပါတယ်။ တကယ့်ဆရာကြီးနဲ့ တိုက်ရိုက် ဝင်ထွက်သွားလာ ပေါင်းသင်း ဆက်ဆံနေ ရတဲ့လူ တယောက်ဟာ ဘာပူစရာ လိုသေးသလဲ။ ဒါ ရန်ကုန်သား မန္တလေးသား လို မြို့ကြီးသား လူရည်တတ်တိုင်း နားလည် ပါတယ်။ အခုတလော အိမ်ရာမြေ ခြံမြေ ဈေးတွေ တက်တာလည်း အဲဒီလို အလားအလာ တွေ ကောင်းနေလို့ ဝယ်လိုအားတွေ လိုက်နေလို့ ဖြစ်ပါတယ်။ တရုတ်ကြီး ကတော့ မြန်မာပြည်ကို မရရတဲ့နည်းနဲ့ ဝင်မှာ(စီးပွားရေးကို ပြောတာ)  သေချာတယ်။  သူကိုယ်တိုင်  လူလွှတ်ပြီးလာတာ တမျိုး၊ မြန်မာပြည်တွင်း ရှိပြီးသား တရုတ်နွယ်ပွားတွေကို အသုံးချပြီး ဝင်တာ တဖုံ၊ အိမ်ရာ မြေ ဈေးကွက်ကိုမှီပြီး ဝင်၍တနည်း၊ စက်ရုံ အလုပ်ရုံ တွေ ဝင်ရောက်ရင်းနှီး မြှုပ်နှံ၍ တသွယ်၊ ရရာနည်း တွေနဲ့ ဝင်ပြီး ငွေရှာမှာ သေချာတယ်။

No comments:

Post a Comment