ရှေ့က ဘာသာပြန်ခဲ့တဲ့
ဆောင်းပါးကို ဖတ်ပြီး လက်ရှိတရုတ်ပြည်ရဲ့ အခြေအနေမှန်ကိုသိရှိနိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နည်းစနစ် ဖြင့် တိုင်းပြည် တိုးတက်အောင်
တည်ဆောက်ရာမှာ ကမ္ဘာ့အခြေအနေ၊ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင် အနီးအနားရှိ
နိုင်ငံများရဲ့ အခြေအနေတွေကို ကောင်းစွာ သိထားဖို့လိုပါတယ်၊ သို့မှသာ
ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးပေါ်လစီကို မှန်မှန်ကန်ကန် ချမှတ်နိုင်မည်
ဖြစ်ပါတယ်။ တရုတ်ကြီးရဲ့ အခြေအနေက သိပ်မကောင်းလှပါ။ အထက်ပါဆောင်းပါးရှင်
စိုက်ပျိုးရေးပါရဂူ၊ ဒေါက်တာ ယွမ်လုံဖိန် က တောင် ငိုကြွေး ငြီးတွား ရလောက်အောင်
ဖြစ်နေတဲ့ အဖြစ်အပျက်ဟာ ကပ်ကြီး ဆိုက်ဖို့ အင်မတန် ကြောက်စရာ ကောင်းတဲ့
ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းကတော့ " လောဘ"
ကြောင့်ပါဘဲ။ လူတယောက်ဘဲဖြစ်ဖြစ်၊ တိုင်းပြည်တပြည်ဘဲ ဖြစ်ဖြစ်၊ လောဘ တက်လာရင်
အမှား လမ်းကို ရောက်ရှိသွားတာပါဘဲ။ လောဘ= greed= ambition= desire= lust လို့
အကြမ်းပြင်း ပြောနိုင်ပါတယ်။ လောဘဆိုတာ ကိုယ်အမိနိုင်ငံတော် တိုးတက်အောင်၊
တိုးတက်စေချင် တဲ့ စိတ်စောနဲ့ တက်တက်ကြွကြွ ကြိုးစား အားထုတ်ခြင်းမျိုး နဲ့
သဘာဝချင်း ကွာခြားပါတယ်။ ကိုယ့်နိုင်ငံတိုးတက်အောင်၊ ကိုယ့်
အမျိုးသားတွေတိုးတက်အောင်၊ ကိုယ့်မြို့ကိုယ့်ရွာ တိုးတက်အောင် ပြင်းပြတဲ့ ဆန္ဒ
ရှိတာဟာ လောဘ မဟုတ်ပါဘူး။ ၎င်းကို good desire, noble desire, rational desire လို့
ခေါ်ရမည် ဖြစ်ပါသည်။ တရုတ်ပြည်ကြီး ရဲ့ ဖြစ်ပျက်ပုံက unreasonable greed and
irrational ambition တွေ ကြီးစိုးတဲ့ ပြန်လည် ပြင်ဆင်ရေး ဝါဒ အယူအဆ တွေ လွှမ်းမိုး
ကြီးစိုးသွား လို့ ဖြစ်ရတာပါ။ စာရေးသူ ပါရဂူ ကြီး ယွမ်လုံဖိန်က သူ့ရဲ့
ဆောင်းပါးထဲမှာ ဒီလိုရေးထားပါတယ်---
三、同样,食物的供应只能多,不能够少,哪怕是刚好也不行,也会大乱,除非实行计划经济,凭票按人头供应,但现在还可能吗?===
(၃) ၎င်းအတွက် စားနပ်ရိက္ခာ ဖြည့်ဆည်းမှုသည် လုံလောက်ရုံ နှင့် မရပါ။၊ ပိုပိုလျှံလျှံ ဖြစ်ဖို့လိုသည်။ သို့မဟုတ်က ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်သည်။ ယ္ခင်ကလို စီမံကိန်း စီးပွားရေးမျိုး ကျင့်သုံးပြီ လူဦးရေ တဦးစီ အလိုက် ဆီစာအုပ်နှင့် ရိက္ခာ ဖြန့်ဖြူး ဖြည့်စွက် ပေးတဲ့ စနစ်ကို သုံးလျှင် တော့ တမျိုးပေါ့။ ဒါပေမဲ့ အခု ဒီလို ဖြစ်နိုင်ပါ့ဦးမလား။ (မဖြစ်နိုင်တော့ပါ ဆိုတဲ့ သဘောပါဘဲ။)
အခုလက်ရှိမှာက အရင်းရှင် စနစ်ကို လုံးဝ အတုခိုး ကျင့်သုံးတဲ့ ကွန်မြူနစ်ပျက်= ပြန်လည် ပြင်ဆင်ရေး စနစ် ဖြစ်ပါတယ်။ ပြန်လည် ပြင်ဆင်ရေးဝါဒ ဆိုတာ ရှင်းရှင်းပြောရရင်၊ ကွန်မြူနစ် အသိုင်းအဝိုင်းထဲက ကိုယ်လွတ်ရုန်းထွက်ပြီး တကိုယ်ကောင်း မြန်မြန် သူဋ္ဌေး ဖြစ်ချင်တဲ့ လောဘသား တွေ ရဲ့ ဝါဒ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၎င်းကို တကိုယ်ကောင်းဆန် လောဘ ဝါဒ လို့ အဓိပ္ပါယ် ဖွင့် လို့ ရပါတယ်။ ၎င်းဝါဒီများဟာ ကွန်မြူနစ် သစ္စာဖောက် တွေ၊ ကွန်မြူနစ် ဖောက်ပြန်ရေးသမားတွေ ဖြစ်သလို၊ ဒီမိုကရေစီဆန့်ကျင်ရေးသမား တွေလည်း ဖြစ်ပါတယ်။ ၎င်းဝါဒီတွေ တရုတ်ပြည်မှာ ကြီးစိုးလာတာ တရုတ်ပြည်ကြီး ကံဆိုးမိုးမှောင် ကျ ရတော့ တာပါဘဲ။ ထို့ ကြောင့် စာရေးသူ ယွမ်လုံဖိန်ဟာ ရှေးယ္ခင်က တပြည်လုံး သာတူညီမျှ ဖြစ်တဲ့ စီမံကိန်းစီးပွားရေး စနစ်ကို အောက်မေ့ တမ်းတပြီး ငြီးငြူ ပြောဆို လိုက်ခြင်း ဖြစ်ပါတယ်။ စီမံကိန်းစီးပွားရေးစနစ်ဆိုတာ(=计 划经济=planned economy လို့ အဓိပ္ပါယ်ရပါတယ်။ ၎င်းစနစ်ကို မော်စီတုန်း ခေတ်က ကျင့်သုံးပါတယ်။) ကွန်မြူနစ် စနစ် အစစ် ဖြစ်ပါတယ်။ သို့သော် ၎င်းစနစ်သည် အမေရိကန်ဦးဆောင်တဲ့ အရင်းရှင် ဈေးကွက် စီးပွားရေးစနစ်ကို မယှဉ်ပြိုင်နိုင်ဘဲ ကျဆုံးရှုံးနိမ့် သွားပြီးပြီ ဖြစ်လို့ ကွန်မြူနစ် လောကတခုလုံး ပြိုလဲ ကျဆုံးသွားပြီး ပါပြီ။ (ဘာလင် အုတ်တံတိုင်းကြီး လှဲဖြို ချေမွခံလိုက်ရခြင်းမှ စခဲ့ပါသည်။) သည်တော့ လက်ရှိကမ္ဘာမှာ ကွန်မြူနစ်ဆိုတာ ကျဆုံးသွားပြီးသော လွန်လေပြီးသော အခါက ပုံပြင်မျှသာ ဖြစ်ပါတော့သည်။ ဗိုလ်မှူးချုပ်ကျော်ဇော အစရှိတဲ့ ဗပက တွေတောင် မရှု မလှ ကျဆုံး ပျက်သုဉ်း သွားကြပြီ မဟုတ်ပါလား။ ကွန်မြူနစ် (ပြန်ပြင်ရေးသမား) ဆိုတာ အချင်းချင်းကိုလည်း ရောင်းစားတတ်တယ်။ ဘိန်းကုန်လည်းကူးတယ်၊ လူကုန်လည်းကူးတယ်၊ ပြည့်တန်ဆာ လုပ်ငန်းလည်းလုပ်တယ်။ ပြီးရင် ရှိသမျှ အပြစ်တွေကို ဓားစာခံ တယောက်ရှာပြီး ပုံချတယ်၊ ကိုယ်တိုင်က လူကောင်းကြီးယောင်ဆောင်တယ်၊ လူတွင်ကျယ်လုပ်တယ်၊ အမေရိကန်နဲ့ တွေ့တဲ့အခါ အကုန် အလျှော့ပေးတယ်။ အမေရိကန်ကို ကျောလို့မရမှန်းသူ ကောင်းကောင်းသိတယ်။ လူပါးဝတယ်။ ဒီလို ဆန်ကုန်မြေလေးတဲ့ ပြန်ပြင်သမား ဖောက်ပြန်ရေးသမားတွေကို အမေရိကန်ကလည်း ရှင်းပစ်ချင်တယ်၊ ဒါပေမဲ့ မလွယ်ဘူး၊ ပြန်ပြင်ရေးသမားတွေဟာ တရုတ်စကားနဲ့ ပြောရင် 道高一尺,魔高一丈 လို့ ခေါ်ပါတယ်။ (အောက်လမ်း စုန်းကဝေ က အထက်လမ်းဆရာထက် အရပ် ကိုးပေ ပိုမြင့် တယ်တဲ့)။ ဒါ့ကြောင့်လည်း ဆန်စပါး ပညာရှင် ပါရဂူကြီး ယွမ်လုံဖိန် လက်မှိုင်ချပြီး ငိုကြွေး ငြီး တွား မြည်တွန် နေရတာပေါ့။ သည်တော့ ကျွန်တော်တို့ လူသားတွေကို ဘယ်သူက ကယ်တင်နိုင်ပါသလဲ။ အဖြေက ပွင့်လင်းမြင်သာမှု ရှိတဲ့၊ ခွင့်တူညီမျှမှု ရှိတဲ့ ဒီမိုကရေစီ စနစ်ကသာ ကယ်တင် နိုင်မည် ဖြစ်ပါတယ်။ ၎င်းစနစ်က သာလျှင် စူဇကာ ပုဏ္ဏား လောဘသားများ၏ အန္တရာယ် နှင့် လောဘစရိုက်များ ဖြစ်တဲ့ ဂျင်းဗီဇပြောင်း အစားအစာ ထုတ်လုပ်ရောင်းချခြင်း၊ ဟော်မုန်းဓာတ်ဆေးသုံး အစား အစာ ထုတ်လုပ်ရောင်းချခြင်း၊ ရေမြောင်း ပုပ်ထဲက စွန့်ပစ်ဆီကို ပြန်ချက်ပြီး ဆီကောင်းအတု အဖြစ် ရောင်းစားခြင်း၊ ဆရာဝန် ဒေါက်တာ ဖြစ်ပြီး မွေးကင်းစ ကလေး ၇ ယောက်ကို ရောင်းစားခြင်း၊ စတဲ့ စရိုက်ဆိုး များမှ ကာကွယ် နိုင်ပါမည်။ ဒီမိုကရေစီ စနစ်၊ ကယ်တင်တော်မူပါ။ ကမ္ဘာ့ ဒီမိုကရေစီ ၏ မီးရှူး တန်ဆောင် အမေရိကန် ကြီး ကယ်တင် တော်မူပါ။

No comments:
Post a Comment